မာတိကာသို့ ခုန်သွားရန်

ဓနသဟာယ အားကစားပွဲ

ဝီကီပီးဒီးယား မှ
ဓနသဟာယ အားကစားပွဲ
၂၀၀၁ ခုနှစ်မှ စတင် အသုံးပြုသည့် အမှတ်တံဆိပ်

ဆောင်ပုဒ်HUMANITY – EQUALITY – DESTINY
ဌာနချုပ်London, United Kingdom
ဓနသဟာယ အတွင်းရေးမှူးချုပ်Hon. Michael Fennell OJ, CD
ဝက်ဘ်ဆိုက်ဓနသဟာယ အားကစား အဖွဲ့ချုပ်

ဓနသဟာယ အားကစားပွဲသည် ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံတကား အားကစားပွဲ တစ်ရပ်ဖြစ်သည်။ အိုလံပစ် အားကစားပွဲတွင် ယှဉ်ပြိုင်သည့် အားကစားများအပြင် ဓနသဟာယ နိုင်ငံများတွင် အဓိက ကစားလေ့ရှိသည့် ၇ ယောက်ပါ ရဂ်ဘီ၊ မျက်ခင်း ဘိုးလင်း၊ နက်ဘော စသည့် အားကစား အမျိုးအစားများ ပါဝင်သည်။

၂၀၁၀ ခုနှစ်အထိ ယင်းအားကစားပွဲကို နိုင်ငံပေါင်း ၇ နိုင်ငံမှ မြို့ပေါင်း ၁၈ မြို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ် ၁၉ ကြိမ်မြောက်ပွဲတော်ကို အောက်တိုဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပခဲ့သည်။ ပွဲတော် ကျင်းပမည့်မြို့ကို ယင်းအားကစားပွဲအား ကြီးကြပ်သည့် ဓနသဟာယ အားကစား အဖွဲ့ချုပ်မှ ရွေးချယ်သည်။

ယင်းအားကစားပွဲကို ၁၉၃၀ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာ အားကစားပွဲ အမည်ဖြင့် ကနေဒါနိုင်ငံ ဟမ်မီတန်မြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာနှင့် ဓနသဟာယ အားကစားပွဲဟု လည်းကောင်း၊ ၁၉၇၀ ခုနှစ်တွင် ဗြိတိသျှ ဓနသဟာယ အားကစားပွဲဟု လည်းကောင်း အမည်ပြောင်းလဲခဲ့ပြီး လက်ရှိ အမည်ကိုမူ ၁၉၇၈ ခုနှစ်မှ စတင် အသုံးပြုခဲ့သည်။

၂၀၁၈ ခုနှစ် ဓနသဟာယ အားကစားပွဲကို ဩစတြေးလျနိုင်ငံဂိုးလ်ကို့စ်မြို့ တွင် ဧပြီလ ၄ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဩစတြေးလျနိုင်ငံက ဆုတံဆိပ်အများဆုံးဆွတ်ခူးနိုင်ခဲ့သည်။

၂၀၂၂ ခုနှစ် ဓနသဟာယ အားကစားပွဲကို အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy