Content-Length: 124726 | pFad | https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%B9%E1%80%81

ပါမောက္ခ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ပါမောက္ခ

ဝီကီပီးဒီးယား မှ
ပါမောက္ခ
ပါမောက္ခအဖြစ် အိုင်းစတိုင်း
အလုပ်အကိုင်
အမည်များပါမောက္ခ
အလုပ်အကိုင် အမျိုးစား
ပညာရေး, သုတေသန, စာသင်ခြင်း, စာပေဆိုင်ရာ အုပ်ချုပ်ရေး
တက်ကြွသည့်အပိုင်းများ
စာပေဆိုင်ရာ
ဖော်ပြချက်
အရည်အချင်းများပညာရပ်ဆိုင်ရာကျွမ်းကျင်မှု, စာပေဗဟုသုတ, သုသေသန, ဆောင်းပါးများ၊ စာတမ်းများပြုစုခြင်း, စာပေသင်ကြားခြင်း
ပညာရေး လိုအပ်ချက်
မဟာဘွဲ့, မဟာသုတေသနဘွဲ့, ပါရဂူဘွဲ့ (e.g., Ph.D.) သို့မဟုတ် အခြားပညာရပ်ဆိုင်ရာအဆင့်မြင့်ဘွဲ့များ
ဆက်စပ် အလုပ်များ
ကျောင်းဆရာ, ကထိက, ပညာရပ်ဆိုင်ရာဌာနမှူး, သုသေသနမှူး, တက္ကသိုလ်အုပ်ချုပ်ရေး

ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဗဟုသုတများသော ပညာရှင်ကြီး ဖြစ်သည်။ အားကစားတွင်ဖြစ်စေ၊ ကိုယ်ခံပညာရပ်တွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူ ပညာရှင် (Expert and specialist) အဆင့်ရှိသူကို ခေါ်သည်။ ဆရာ/ ဆရာမ များထဲတွင် ဝါအရင့်ဆုံး၊ ပညာရည်အမြင့်မားဆုံးသော (principal, headteacher, professor) ပုဂ္ဂိုလ်တို့သည် ထိုအသင်းအဖွဲ့ (ကျောင်း) ၏ ပါမောက္ခ(ဆရာကြီး) ဖြစ်သည်။ အတွေ့အကြုံကြီးမားသူ ဟု နားလည်နိုင်သည်။ တစ်နည်းဆိုရသော် ပါမောက္ခ ဆိုသည်မှာ ပညာရပ်ဆိုင်ရာများကို ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်းရှိသော အတွေ့အကြုံကြီးမားသူ ဝါရင့်ပညာရှင်ဆရာကြီး A senior teacher of the highest rank in a college or university or school and / A person who is the head teacher or senior lecturer (chief teacher) ဖြစ်သည်။ စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဝါရင့် experienced senior teacher ဟု နားလည်နိုင်သည်။

အခေါ်အဝေါ်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ စာပေပညာ၊ ဆေးပညာ၊ စက်မှုပညာ၊ စီးပွားရေးပညာ၊ ကာကွယ်ရေးပညာ အစရှိသော ပညာရပ်အသီးသီးတို့၌ အကျွမ်းကျင်ဆုံးအဆင့်သည် ပါမောက္ခဖြစ်သည်။ နှစ်ပေါင်းများစွာသော စာပေအတွေ့အကြုံ၊ သုသေသနအတွေ့အကြုံ၊ သင်ကြားရေးအတွေ့အကြုံတို့နှင့် ပြည့်စုံသော ကထိက(Lecturer)များသည် ၎င်းတို့လေ့လာထားသည့် ပညာရပ်ကို ထဲထဲဝင်ဝင်ကျွမ်းကျင်ပြီး ထိုပညာရပ်၏ ထပ်မံသော သဘောတရား၊ အကြောင်းအရာများ၊ ဖြစ်နိုင်ခြေများကို ဆန်းသစ် စဉ်းစားတွေးခေါ် တွက်ချက်ကြံဆကာ ဆောင်းပါးများ၊ စာတမ်းများပြုစုရေးသားပြီးနောက် ၎င်းတို့အား ထိုပညာရပ်ကို အကျွမ်းကျင်ဆုံးသော အဆင့်ရှိသည်ဟု ယုံကြည်ရသောအခါ ပါမောက္ခဟူသောအဆင့်ဟု သတ်မှတ်သည်။ ပါမောက္ခအဆင့် သတ်မှတ်ခံရသူသည် ၎င်းကွယ်လွန်သည့်တိုင် ထိုပညာရပ်၌ ပါမောက္ခဟု ခေါ်တွင်သည်။ အမည်ရှေ့တွင်လည်း ပါမောက္ခဟူသော ဂုဏ်ဘွဲ့ကို လေးစားသမှုအားဖြင့် စွဲတပ်ခေါ်ဝေါ်ကြသည်။ (ဥပမာ - ပါမောက္ခ ဦးလှအောင်၊ ပါမောက္ခ ဒေါက်တာတင်မောင်ထွန်း)

ဘာသာရေးဆိုင်ရာတွင်လည်း ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန်များ၊ ဇာတ်တော်များ အစရှိသည်ဖြင့် ကျွမ်းကျင်သော ဆရာတော်များအား ဗုဒ္ဓတက္ကသိုလ်များမှ ပါမောက္ခဘွဲ့ ချီးမြှင့်သောအခါ ထိုဆရာတော်များ၏ ဘွဲ့တော်ရှေ့၌ ပါမောက္ခဟူသောအမည်ကို စွဲတပ်ဆက်ကပ်ကြသည်။ (ဥပမာ - ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ)

ပါမောက္ခ ဟူသော စကားလုံးနှင့် ဒေါက်တာ ဟူသော စကားလုံးတို့ကို တွဲကာ ပါမောက္ခဒေါက်တာ ဟူသော စကားလုံးကိုလည်း ပါမောက္ခအဖြစ်သတ်မှတ်ခံရသည့် ပါရဂူဘွဲ့ရရှိသူ နှင့် ပါမောက္ခမဟုတ်သော ပါရဂူဘွဲ့ရရှိသူ၊ နာမည်ရှေ့၌ ဒေါက်တာဟု တပ်၍ ခေါ်ဝေါ်လေ့ရှိသော ဆရာဝန်၊ သမားတော်များ နှင့် ကွဲပြားစေရန်လည်း သုံးလေ့ရှိသည်။

အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများတွင် 'စာပေဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာ၊ သုသေသနာဆိုင်ရာ တို့၌ ပါမောက္ခ ဟူသော ရာထူးအဆင့်သတ်မှတ်ထားပြီး ၎င်းသည် ညွှန်ကြားရေးမှူး/ ဒုတိယအထွေထွေမန်နေဂျာ အစရှိသော ရာထူးအဆင့်များနှင့် အဆောင်အယောင်၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့်တို့ ညီမျှသည်။ ပါမောက္ခ အဆင့်ကို ယျေဘုယျအားဖြင့် စာပေဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာ၊ သုသေသနာဆိုင်ရာဌာနတစ်ခုခု၏ ဌာနမှူးအဖြစ် ခန့်အပ်လေ့ရှိသည်။ တက္ကသိုလ်များ၊ ကောလိပ်များတွင် စာပေဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ ဌာနမှူးအဖြစ်လည်းကောင်း (ဥပမာ - မြန်မာစာဌာနမှူး၊ အင်္ဂလိပ်စာဌာနမှူး၊ စီးပွားစီမံပညာဌာနမှူး)၊ ကျန်းမာရေးဌာနများတွင် ကုသရေးဆိုင်ရာ၊ သုသေသနဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ ဌာနမှူးအဖြစ်လည်းကောင်း (ဥပမာ - မေ့ဆေးပညာဌာနမှူး၊ ဓာတ်ရောင်ခြည်ဆေးပညာဌာနမှူး)၊ အခြားသောဌာနဆိုင်ရာများတွင် သင်ကြားရေးဆိုင်ရာဌာနမှူးများအဖြစ် တာဝန်ပေးလေ့ရှိသည်။ သို့ရာတွင် စာပေဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာ၊ သုသေသနာဆိုင်ရာ ဌာနတစ်ခုတည်း၌ပင် ပါမောက္ခအရေအတွက်မှာ တစ်ဦးထက်မနည်းရှိနိုင်သည်။

ပါမောက္ခအဆင့်သည် နိုင်ငံ့ဝန်ထမ်းရာထူးအင်္ဂါစဉ်အရ တွဲဖက်ပါမောက္ခ နှင့် ဒုတိယပါမောက္ခချုပ်/ ဒုတိယကျောင်းအုပ်ကြီးကြားတွင်ရှိသည်။ သို့ရာတွင် ပါမောက္ခအဆင့်သို့ တိုးမြှင့်ခံရပြီးသော ပါရဂူဘွဲ့(ဒေါက်တာဘွဲ့)တစ်ခုခု ရရှိထားသူအား ပါမောက္ခမဟုတ်သည့် အခြားအဆင့်များ၌လည်း ပါမောက္ခဒေါက်တာ ဟု လေးစားသမှုဖြင့် ခေါ်ဝေါ်ကြသည် (ဥပမာ - ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း)။









ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%B9%E1%80%81

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy