Content-Length: 115560 | pFad | https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%AE%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8

တော်လမီဘုရင်များ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

တော်လမီဘုရင်များ

ဝီကီပီးဒီးယား မှ

‌တော်လမီဟူ‌သော အမည်သည်အီဂျစ်ပြည်ကို ဘီစီ ၃၂၃ မှ ၃၀ ခုနှစ်အထိ စိုးစံခဲ့‌သော ဘုရင် ၁၄ ဆက်တို့၏ အမည် လည်းဖြစ်သည်။ ထိုဘုရင် ၁၄ ဆက်ကို မက်ဆီဒုန်းဘုရင် မင်းဆက်ဟူ၍လည်း ‌ခေါ်ကြသည်။

ဘီစီ ၃၂၃-၃၀ ခုနှစ်အတွင်း ထွန်းကား‌သော မက်ဆီဒုန်း လူမျိုးတို့၏ ပထမဦးဆုံးဘုရင်မှာ ပထမ‌တော်လမီဘုရင် (ဘီစီ ၃၆ရ-၂၈၃) ဖြစ်သည်။ ထိုဘုရင်သည် မူလက မဟာအလက်ဇန္ဒား ၏ လက်သုံး‌တော် စစ်‌သေနာပတိတစ်ဦး ဖြစ်ခဲ့ဘူး သည်။ မဟာအလက်ဇန္ဒား ကွယ်လွန်‌လေ‌သော် ပထမ ‌တော်လမီဘုရင်သည် အီဂျစ်ကိုသိမ်းပိုက်သည်။ သူ၏‌ခေတ်တွင် အီဂျစ်ပြည်သည် ကူးသန်း‌ရောင်းဝယ်‌ရေး ဗဟိုဌာန ဖြစ်သည်။ ပညာရှိသုခမိန်တို့ စု‌ဝေးရာလည်း ဖြစ်သည်။

ပထမ‌တော်လမီဘုရင် ကွယ်လွန်‌လေ‌သော် သူ၏သား‌တော် ဒုတိယ‌တော်လမီဘုရင် (ဘီစီ ၃၀၉-၂၄၆) သည် ခမည်း‌တော် ၏ လက်ငုတ်ဖြစ်‌သော လုပ်ငန်းစဉ်တို့ကို မ‌ပျောက်မပျက်‌စေရ ဘဲ ထိန်းသိမ်းခဲ့သည်။ သူ၏ဖခမည်း‌တော်လက်ထက်က တည် ‌ဆောက်ခဲ့‌သော အလက်ဇန္ဒရီးယားမြို့အနီး ‌ဖေး‌ရော့ကျွန်းရှိ မီးပြတိုက်ကို ဆက်လက်တည်‌ဆောက်၍ နိုင်းမြစ်မှ ပင်လယ်နီ သို့ သွယ်‌ဖောက်‌သော တူး‌မြောင်းကိုလည်းအပြီးသတ်တူး‌ဖောက် ခဲ့သည်။ သို့ရာတွင် တတိယ‌တော်လမီဘုရင် (ဘီစီ ၂၈၂-၂၂၁) လက်ထက်၌ကား ပထမ‌တော်လမီဘုရင် တည်‌ထောင်ခဲ့‌သော နိုင်ငံသည် အင်အားဆုတ်ယုတ်လာခဲ့သည်။ ပဉ္စမ‌တော်လမီ ဘုရင် (ဘီစီ ၂၀၉-၁၈၁)လက်ထက်၌ အီဂျစ်ပြည်ကို အန်တိုင်းအိုခပ်ဘုရင်က သိမ်းပိုက်၍ သူ၏ သမီး‌တော်ကို ပဉ္စမ‌တော်လမီဘုရင်နှင့် သင့်မြတ်‌စေသည်။

ပဉ္စမ‌တော်လမီဘုရင်သည် အသက် ၂၈ နှစ်အရွယ်တွင် ရုတ်တရက်ကွယ်လွန်‌လေသည်။ ထို့‌နောက် အီဂျစ်သမိုင်းတွင် ‌တော်လမီဘုရင်များ အစဉ်အဆက်စိုးစံလာခဲ့ပြီးသည့်‌နောက် ရာဇဝင်တွင် ကလီယို ပတ်ထရာ ဘုရင်မဟု ထင်ရှားအံ့‌သော ကလီယို ပတ်ထရာမင်းသမီးသည် အသက်အရွယ်အားဖြင့် ဆယ်နှစ်သာ ရှိ‌သေး‌သော သူ၏‌မောင်‌တော်ကို ဘုရင်တင် ‌မြှောက်၍ ‌မောင်‌တော်နှင့်အတူ မိဖုရားအရာယူလျက် စိုးစံ‌လေ သည်။ ထိုမင်းသားက‌လေးကား ဒွါဒသမ‌တော်လမီဖြစ်သည်။

ဘီစီ ၄ရ ခုနှစ်တွင် အီဂျစ်ပြည်ကို ‌ရောမဘုရင် ဂျူးလိယက်ဆီဇာ ‌အောင်နိုင်သိမ်းပိုက်‌သောအခါ ဒွါဒသမ‌တော်လမီသည် ကလီယို ပတ်ထရာ၏ လက်ချက်‌ကြောင့် အီဂျစ်ပြည်မှထွက်‌ပြေး ခဲ့ရလေသည်။‌တော်လမီဘုရင်လည်း ထိုစဉ်အခါတွင် ကလီယို ပတ်ထရာနှင့် သင့်မြတ်‌နေပြီ ဖြစ်‌သော ဆီဇာဘုရင်ကို ပြန်လှန်စစ်ပြုရန် ကြိုးစားပါ‌သော် လည်း တိုက်ပွဲတစ်ခုတွင် လက်လွတ်ထွက်‌ပြေးရာမှ ‌ရေနစ်၍ ကံကုန်‌လေသည်။

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)









ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%AE%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy